Siyan

Rate this item
(1 Vote)

စီယံ၏ အမည်အရင်းသည် ကမ်ဇတွာလ် (Kam Za Tual) ဖြစ်ပြီး၊ ၁၉၆၆ခုနှစ် နိုဝင်ဘာလ ၁၃ ရက်တွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ထုတ်လိုင်ကျေးရွာတွင် မွေးဖွားသည်။ အဖ ပူမန်ဇကျင့်၊ အမိနူးဝုန်ဒိမ်းဖြစ်ပြီး၊ နေရပ် ကလေးမြို့တွင် အိမ်ထောင်ကျကာ ကလေးနှစ်ယောက်ထွန်းကားသည်။ သမိုင်းဘာသာနှင့် ကျောင်းပြီးကာ ၁၉၉၃ခုနှစ်တွင် အနုပညာလောကတွင် ၀င်ရောက်လာသည်။
၁၉၉၃ခုနှစ်တွင် အရိပ်၏မျိုးစေ့ (တစ်ကိုယ်တော်) တေးစီးရီးထုတ်ကာ၊ ၁၉၉၄ခုနှစ်တွင် ဟင်းလင်းပြင်၏ တံခါးဝှက်  (တစ်ကိုယ်တော်) တေးစီးရီးကို ဒုတိယအယ်ဘမ်အဖြစ်ထုတ်ခဲ့သည်။

ထို့နောက် ရော့ခ်အင်ရိုးလ်ညစာ  (တစ်ကိုယ်တော်) ကို မဂ္ဂဇင်းများတွင် ကြော်ငြာပါလာသော်လည်း ယခုထက်ထိတိုင် ထွက်မလာတော့ပေ။ ၁၉၉၅ ၀န်းကျင်တွင် ကေအေတီ စီစဉ်သော "နှောင်ကြီုးမသူများ" အတွဲခွေထွက်လာကာ ယင်းစီးရီးတွင် မဒီနှင့်နှောင်ကြီုးမသူများ သီချင်း၊ မီမီဝင်းဖေနှင့် "နောက်ဆုံးမင်းရဲ့ရင်ခွင်ဆီ" သီချင်းများ သီဆိုခဲ့သည်။ ယင်းခေတ်တွင် နာမည်ကြီးသော သီချင်းများလည်းဖြစ်ကြသည်။ ထို့နောက် နှောင်ကြိုးမိသူများ (အတွဲ)၊ ဘိုဘို၊ စီယံ၊ ကော်နီ၊ မဒီ တို့နှင့် "၀မ်းနည်းမိုးတိမ် (အတွဲ)"ခွေ၊ အများသုံးဘာသာစကား (အတွဲ)၊ တေးချ စ်သူရွေးရာ တေးကဗျာ (အတွဲ) များ ထွက်လာကြသည်။
 
ခရစ်ယာန်ဓမ္မတေးများအနေဖြင့် Myanmar Young Crusader က ထုတ်ဝေသော "လောကနှင့်မဆိုင်"၊ "သေခြင်းနှုတ်ခမ်းပေါ်"ကတေးစီးရီး၊ ချင်းရာပြည့်အမှတ်တရအဖြစ်ထုတ်ဝေသော "ရာပြည့်မှတ်တိုင်"၊ ကိုယ်တော်အတွက်ဖြစ်စေမည်၊ လူထဲကလူသား၊ ချင်းနှစ်ချင်းအသင်းတော်မှ ထုတ်သော "နှစ်သက်ဖွယ်ယဇ်" နှင့် ဇိုမီးဘာသာဖြင့် ထုတ်ဝေသော Topa Ni, Jesuh In Lampi Hi ဟူသော တေးစီးရီးများတွင် ရေး၊ ဆိုခဲ့သည်။

၂၀၀၆ခုနှစ်၊ ဇန်န၀ါရီလ(၅) ရက်နေ့တွင် သူချစ်သော မိသားစု၊ ကလေးနှစ်ဦးနှင့် သူ့ပရိသတ်အား ထားခဲ့သည်။



Last modified on Monday, 02 May 2016 06:54
Seino Research

This is notes for admin of Sizaangseino.org.

More in this category: « Salai Sun Ceu
Login to post comments