Siyan

Written by Monday, 02 May 2016 06:43

စီယံ၏ အမည်အရင်းသည် ကမ်ဇတွာလ် (Kam Za Tual) ဖြစ်ပြီး၊ ၁၉၆၆ခုနှစ် နိုဝင်ဘာလ ၁၃ ရက်တွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ထုတ်လိုင်ကျေးရွာတွင် မွေးဖွားသည်။ အဖ ပူမန်ဇကျင့်၊ အမိနူးဝုန်ဒိမ်းဖြစ်ပြီး၊ နေရပ် ကလေးမြို့တွင် အိမ်ထောင်ကျကာ ကလေးနှစ်ယောက်ထွန်းကားသည်။ သမိုင်းဘာသာနှင့် ကျောင်းပြီးကာ ၁၉၉၃ခုနှစ်တွင် အနုပညာလောကတွင် ၀င်ရောက်လာသည်။
၁၉၉၃ခုနှစ်တွင် အရိပ်၏မျိုးစေ့ (တစ်ကိုယ်တော်) တေးစီးရီးထုတ်ကာ၊ ၁၉၉၄ခုနှစ်တွင် ဟင်းလင်းပြင်၏ တံခါးဝှက်  (တစ်ကိုယ်တော်) တေးစီးရီးကို ဒုတိယအယ်ဘမ်အဖြစ်ထုတ်ခဲ့သည်။

Salai Sun Ceu

Written by Friday, 29 April 2016 04:34

ဆလိုင်းဆွန်ကျဲအို၊သည် မြန်မာပြည်တွင် ၁၉၇၅ ခုနှစ်လောက်မှ စပြီး ချစ်းလူမျိုး အဆိုရှင်တစ်ဦးအနေဖြင့်၎င်း၊ တေးရေးဆရာ အနေဖြင့်၎င်း ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်သည်။ သူသည် ၁၉၅၇ ခုနှစ် ဇန်န၀ါရီလ (၁၃) ရက်တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ လိုးကျွမ်ကျေးရွာ(Lo Cawm) တွင်မွေးဖွားသည်။ ၁၉၆၈-၇၀ ၀န်းကျင် အထက်တန်းကျောင်းသားဘ၀တွင် ဂစ်တာစတီးကာ  “I it hnak i si” ဟူသော ချင်းသီချင်းကို ပထမဆုံးရေးသားခဲ့ပါသည်။ ၁၉၇၇ ခုနှစ်တွင် မန္တလေးတက္ကသိုလ်တွင်  B.Sc. in Zoology majoring Ichthyology တက်ခဲ့သည်။

Sithu Dr. Vum Kho Hau

Written by Thursday, 28 April 2016 03:22

စည်သူဒေါက်တာ ၀မ်ကိုဟောအား ၁၉၁၇ခုနှစ်၊ မတ်လ(၁၇)ရက်နေ့တွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ထုတ်လိုင်ကျေးရွာတွင် မွေးဖွားခဲ့သည် ၁၉၃၇ခုနှစ်တွင် စစ်ကိုင်းမြို့ အစိုးရအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ကာ ၁၉၃၇ မှ ၁၉၅၇ အထိ ချင်းတောင်တန်းခရိုင်ရုံး၌ အမှုထမ်းခဲ့သည်။ စစ်ရုံးဖွဲ့စည်းခဲ့သော ချင်းစစ်ဝန်ထမ်းတပ်ဖွဲ့တွင် တပ်ရေးနှင့်ထောက်လှမ်းရေးအရာရှိ၊ ဒုတိယအကြီးအကဲ၊ ချင်းတောင်တန်းခရိုင်ဝန်နှင့် ဂျပန်တော်လှန်ရေးတွင် ချင်းအမျိုးသားများကိုခေါင်းဆောင်ခဲ့သည်။၁၉၄၇ခုနှစ် ပင်လုံညီလာခံတွင် ချင်းအမျိုးသားကိုယ်စားလှယ်ခေါင်းဆောင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအဖွဲ့ဝင်၊ အစိုးရအဖွဲ့၊ ချင်းရေးရာ အကြံပေးအဖြစ် လုပ်ကိုင်ခဲ့ပြီး၊ နုအက်တလီ စာချုပ်ချုပ်ဆိုရန်အတွက် လန်ဒန်သို့ သွားရောက်ရာတွင် တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။

Major General Tuang Za Khai

Written by Wednesday, 27 April 2016 17:22

Pu Gen. Tuang Za Khai sia Kawlgam bup ah (taizinta) mualtungmi sung pan ngalkap sungah General rank a nga ngei ama khat bek om pheang hi. Tasia zongh sia Gen. Ne Win in Zomi-te hong it mama na hang hituak hi. A za [rank] tatak sia Major General ahi hi. Maj. Gen. rank cisia thongsia ngal omngawl hun peace time sung atu in a sang bel za rank ahi hi. A tung sia ah Lieutenant Gen. cii sia Full General cihnopna hi zo a, Kawlgam sung pan tual-ngal vive vawt tawm in peace-time om sak ngei lngawlin, war-time bebek piang sak tawntung ahihman in, Senior General ci in phuaktawm aa Kawlmangte na Five Star rank khat vawttawm tazen uh ahi hi. Pu Gen. Tuang Za Khai sia aksi thum 'three star' general ahi hi.USA ngam ah American civil war tualngal hun sung in George Washington sia za lianbel hi a, Lieutenant General ahi hi. Full General cinopna ahi veve hi. Tua rank tung sia ah rank kipia tonawn ngawl uh hi.Pu Gen. Tuang Za Khai sia Mangkangte  a nado Zomi ngal hang Pu Khai Kam' tupa ahi hi.