House of Prayer (Taingen)

Rate this item
(0 votes)

ချင်းခရစ်ယာန် ရာပြည့် အထိမ်းအမှတ် ဆုဆောင်းဆောင်။

ချင်းပြည်နယ်၊ ခေါ်ဆ နှစ်ခြင်းအသင်းတော်ရှိ ယုံကြည်သူ ချင်းလူမျိုးများ၏ ချင်းခရစ်ယာန်ရာပြည့် အထိမ်းအမှတ်ပွဲတော်နှင့်အတူ Zomi Baptist Convention (ZBC) Triennial ကို ကျင်းပ ပြုလုပ်ရန် စီစဉ်ခဲ့ရာ တာဝန်ရှိသူများ အချိန်နှင့်အမျှ အစည်းအဝေးပြုလုပ်ခဲ့ကြသည်။ ၂၀၀၃ ခုနှစ် မေလ (၈) ရက်Chin Christian Centenary comittee ၏  ဒုတိယအကြိမ်အစည်းအဝေးတွင် ZBC- E&M Secretary ဖြစ်သူ Rev. Pa Hrang Hmung ထံသို့ SRBA-E&M မှ ဆုတောင်းတောင် ရူပါရုံကို တင်ပြခဲ့သည်။ ထိုမှ ZBC-OC, EC, BM အစည်းအဝေးများသို့ အဆင့်ဆင့် ဆွေးနွေးဆုံးဖြတ်အတည်ပြုခဲ့သည်။

ထိုအချိန် ZBC အထွေထွေအတွင်းရေးမှူးမှာ  Rev. E. Hlawng Piang, E&M Secretary Rev. Pa Hrang Hmung ဖြစ်ပြီး၊ SRBA  GS Rev. Hang Khan Nang, E&M Secretary Rev. D. Cin Za Dal ဖြစ်သည်။ ထိုသို့ သဘောတူဆုံးဖြတ်ချက်အရ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခေါ်ဆကျေးရွာအုပ်စု၊ သိုင်းငင်းကျေးရွာရှိ Sial Sitaak Mual တောင်ထိပ်တွင်ချင်းပြည်နယ်မှ ကနဦးခရစ်ယာန် ယုံကြည်သူ ခရစ်ယာန်နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အဖြစ် လက်ဝါးကားတိုင် ပုံဆောင် ပေ ၁၄၀x ၆၀ အကျယ် ရာပြည့် ဆုတောင်း
ဆောင် တစ်ခု တည်ဆောက်ရန် အတည်ပြုခဲ့သည်။

Zomi Baptist Convention (ZBC) မှ အဆင့်ဆင့် ဆွေးနွေးပြီး ရံပုံငွေ ရှာဖွေရေး ကော်မတီဖွဲ့စည်းကာ ခန့်မှန်းကုန်ကျစရိတ် ကျပ်သိန်း (၄၀၀)လျာထားခဲ့သည်။ ထိုမှ  Chin Christian Centenary Central Comittee မှZBC E&M Decretaty ဖြစ်သော Rev. Pa Hrang Hmung နိုင်ငံရပ်ခြားရှိ ချင်းမျိုးနွယ်စများဆီ အလှူငွေတောင်းခံရန် စေလွှတ်ခဲ့သည်။ ရန်ကုန်တွင်လည်း Rev. Pa Hang Khan Nang နှင့် Rev. Pa Hrang Hmung အား အလှူငွေကောက်ခံခဲ့ကြသည်။

၂၀၀၃ခုနှစ်၊ ဒီဇင်ဘာလ(၂၄) ရက်တွင် လုပ်ငန်းစတင်ကာ၊ ဆောက်လုပ်ရေး တာဝန်ကို Lairawn Baptist Association မှ တာဝန်ယူခဲ့သည်။ စီမံကိန်းအား အားလုံးမှ စိတ်ဝင်စားလာကြပြီး အဆောက်အဦ ဒီဇိုင်းအား ကာတွန်း ဇိုဇမ် (ဦးဇိုဇမ်းကျင့်ပေါင်)အား ဒီဇိုင်းဆွဲခိုင်းကာ၊ ဦးဇိုဇမ်မှ မိမိငွေနှင့်ရင်းကာ ပို့စကတ် (၁၀၀) ထုတ်ဝေခဲ့သည်။ ယင်းပုံစံအတိုင်း YSBC မှာ ဗိုလ်မှူး ကမ့်ကျင့်လျန်(အငြိမ်းစား) မှ Blue Print & Budget Estimate ကို အခမဲ့ ရေးဆွဲပေးသည်။ ထိုမှတဆင့် ထိုခေတ်က စစ်တပ်အုပ်စိုးသောခေတ်ဖြစ်သောကြောင့် ပြသနာ တစ်စုံတစ်ရာ ဖြစ်မည် စိုးရိမ်သဖြင့် နောဧသဘောင်္ပုံစံဖြသ့် တည်ဆောက်ရန် ပြန်လည် ပြင်ဆင်ခဲ့သည်။ ယင်းကို U Thiankhup, YSBC မှ ဆောင်ရွက်သည်။ ထိုမှ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်တွင် ဖွင့်ပွဲပြုလုပ်နိုင်ခဲ့သည်။

Ref: Facebook.com/Khuasak Khua

Last modified on Thursday, 28 April 2016 22:42
Seino Research

This is notes for admin of Sizaangseino.org.

Login to post comments